Posts

တစ်ခါတစ်ရံတော့ ဖူးစာဆိုတာ

တစ်ခါတစ်ရံတော့ ဖူးစာဆိုတာ “မိုးထက်ရေ…. ဟဲ့ မိုးထက်” ဟူသော အသံနှင့်အတူ ခန္ဓာကိုယ်ကို အတင်းလှုပ်နေသည့် ခံစားချက်ကြောင့် မိုးထက်မြင့်တစ်ယောက် အိပ်ချင်မူးတူးနှင့် မျက်လုံးကို အတင်းဖွင့်ကြည့်လိုက်သည်။ “ဟာ” “မေ… နင်မပြောမဆိုနဲ့ ငါ့အခန်းထဲ ဝင်လာပြန်ပြီ” ကုတင်ပေါ်ထိတက်ကာ လာနှိုးနေသည့် ငယ်သူငယ်ချင်းငရှုပ်မ လှလွန်းမေကို မြင်လိုက်ရသဖြင့် မိုးထက်မြင့်တစ်ယောက် ဆူပုတ်ပုတ်နှင့် ငေါက်လိုက်မိသည်။ ငေါက်သာငေါက်ရသည် ဒင်းလေးက ဘယ်တော့မှ အမှတ်မရှိ၊ မထင်ရင်မထင်သလို အခန်းထဲထိ ဇွတ်ဝင်ကာ လာလာရှုပ်တတ်သည်။ မိုးထက်မြင့်မိဘတွေကလည်း လှလွန်းမေကို သူတို့သမီးအရင်းတစ်ယောက်သဖွယ် ချစ်ကြသူများဖြစ်သည့်အလျှောက် ငတိမ ဘယ်လိုလာရှုပ်ရှုပ် ပြုံးပြုံး ပြုံးပြုံးနှင့်သာ ကြည့်နေတတ်သဖြင့် မေတစ်ယောက် ပိုပိုရောင့်တတ်လာသည်ဟုသာ မိုးထက်မြင့်ကထင်သည်။ “နင်က ကျောင်းတက်ချိန်နီးနေတာကို ထမှမထတာ။ အကောင်းနဲ့လည်း နှိုးရသေးတယ်” အဆူခံရသဖြင့် လှလွန်းမေတစ်ယောက် စိတ်ကောက်ကာ နှုတ်ခမ်းကိုဆူထားမိသည်။ “နင်ကလည်း စိတ်က လက်တစ်ဆစ်ဘဲ၊ စိတ်မဆိုးပါနဲ့ဟ၊ ညနေကျောင်းပြန်ရင် မုန့်လိုက်ကျွေးမယ်” ငတိမ စိတ်ကောက်ပြီး သူအရင်တစ်ပတ်က ကျောင်းလစ်သည့်ကိစ္စကို အမေ့ကို သွားချွန်တ

စိတ်ကူးမဲ့ကာမဘုံသို့

စိတ်ကူးမဲ့ကာမဘုံသို့                သရက်မြို့၊ ဟိုက်စကူးကျောင်းကြီးမှာ မြို့၏အနောက်မြောက်စွန်း တောင်ကုန်းကလေးတစ်ခုပေါ်တွင် တင့်တယ်စွာ သပ်ရပ်လှပမှုဖြင့် ရှိနေသည်။ မြောက်ဖက်ဘောလုံးကွင်း၊ တပ်ကွင်း၊ လွင်ပြင်များဆီမှ တိုက်ခတ်လာသော လေပြေအေးများမှာလည်း သန့်ရှင်းစင်ကြယ်သည်နှင့်အမျှ အေးလှသည်။ ထိုလေပြေအေးကို တိုက်ခတ်ခံရင်း ကျောင်းဘေးပတ်လည်၌ ပြေးကာ ခုန်ကာ ကစားနေကြသော ကလေးသူငယ် အရွယ်ပေါင်းစုံမှာလည်း ရွှင်ရွင်မြူးလျှက်၊ ပျော်မြူးနေသည်။ ကျောင်းဘေးပတ်လည်တွင် ရာသီမရွေး အပွင့်အဖူးများဖြင့် ဖြူဖြူဖွေးလျှက် ရှိနေကြသည်။ ကျောင်း၏ မြောက်ဖက်သို့ ထိုးထွက်ဆောက်လုပ်ထားသော ခန်းမဆောင်ကြီးဘေး ပတ်ဝန်းကျင်ရှိ ဇလပ်ပင်များသည် ပိုမို၍ပွင့်နေကြသည်။ အပင်တိုင်း၏အောက်တွင် ဇလပ်ပွင့်များသည် ကြွေကျလျှက် ကောက်ပန်သူများကို ငံ့လင့်လျှက် လဲလျောင်းကာ နေကြလေသည်။ ထိုခန်းမကြီး၏ အရှေ့ဖက် ကလေးများ အနည်းငယ်ရှင်းရာဘက် အုတ်လှေခါးထစ်ဘေး ဇလပ်ပင်တွင် (၁၂) နှစ်၊ (၁၃)နှစ် အရွယ် ကလေးမလေး (၅) ယောက်ကို မြင်နိုင်ပါသည်။ (၄) ယောက်မှာ အပင်များအောက်၌ ကြွေကျနေသော ဇလပ်ပွင့်များကိုကောက်ကာ ကြိုးဖြင့် သီကုံးနေကြသည်။ ထိုထဲမှ တစ်ယောက်ကတော့ အခြားကလေးများနည်းတ